ဝက်ခြံထွက်တဲ့
ပြဿနာက မိန်းကလေးတွေအတွက် တကယ့်ကို အိမ်မက်ဆိုးလိုခြောက်လှန့်နေပါတယ်။
ကျွန်မက အဆီပြန်တဲ့အသားအရေ ဖြစ်တာကြောင့် နွေရာသီရောက်ရင်
ဝက်ခြံပိုထွက်တတ်တယ်။ အ
ခုလက
နွေရာသီမှာ အပူဆုံးလ ဖြစ်တာကြောင့် ကျွန်မရဲ့မျက်နှာမှာ
ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ ဝက်ခြံလေးတွေထွက်လာတယ်။ အထူးသဖြင့်
ဆံပင်နဲ့ထိနေတဲ့နေရာတွေပေါ့။ အဆီပြန်တတ်တာရော နွေရာသီကြောင့်ချွေးထွက်တာရော
နှစ်ခုပေါင်းပြီး ဝက်ခြံဆိုတဲ့ လူဆိုးတွေက ထကြွသောင်းကျန်းကြတော့တာပေါ့။
ဘာကြောင့် ဝက်ခြံဖြစ်တာလဲ။ ဝက်ခြံဖြစ်စေတဲ့ အချက်တွေအများကြီးရှိပါတယ်။
များသောအားဖြင့် မျက်နှာမှာရှိတဲ့ချွေးပေါက်လေးတွေပိတ်ပြီးဖြစ်တတ်သလို
ဘက်တီးရီးယား ပိုးမွှားဝင်ရောက်ခြင်းကြောင့်လဲဖြစ်တတ်ပါတယ်။
မိန်းကလေးအများစုကတော့ ရာသီလာခါနီးမှာ ဟော်မုန်းအပြောင်းအလဲကြောင့်
ဝက်ခြံထွက်တတ်ပါတယ်။ မျက်နှာမှာရှိတဲ့ ချွေးပေါက်လေးတွေက
ဘာကြောင့်ပိတ်ဆို့ရတာလဲ။ မိတ်ကပ်တွေလိမ်းပြီး
မျက်နှာသေချာမသစ်ရင်ဖြစ်တတ်သလို မျက်နှာမှာရှိတဲ့ ဆဲလ်အသေတွေပိတ်ဆို့ ပြီး
ချွေးပေါက်တွေပိတ်တတ်ပါတယ်။
ဝက်ခြံဖြစ်ရင် လက်နဲ့မကုတ်ပါနဲ့။
လက်နဲ့ကုတ်တာက အမာရွတ်ကျန်စေနိုင်သလို မသန့်တဲ့လက်နဲ့ကုတ်မိရင်
ဘက်တီးရီးယားပိုးဝင်ရောက်ပြီး ပိုဆိုးနိုင်ပါတယ်။ ကျွန်မရဲ့
နွေရာသီမှာထွက်တတ်တဲ့ ဝက်ခြံအတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး
လိုက်ရှာကြည့်တာ Yves Rocher က Pure System skin care series ကို တွေ့ ပြီး
စမ်းသုံးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ Pure system stop blemish lotion က
salicylic acid ကို အခြေခံပြီးထုတ်လုပ်ထားတာပါ။ salicylic acid က
ဝက်ခြံအတွက် ဘယ်လိုကောင်းလဲ။ salicylic acid က အရေပြားရဲ့ အတွင်းလွှာ
အဆီဂလင်းလေးတွေ ရှိတဲ့နေရာအထိ ဝင်ရောက်နိုင်ပြီး ချွေးပေါက်လေးတွေကို
ပွင့်သွားစေကာ ဝက်ခြံထွက်တာကို သက်သာစေပါတယ်။ ဒါပေမဲ့ ဝက်ခြံဖြစ်စေတဲ့
ပိုးမွှားတွေကိုတော့ မသတ်ပေးနိုင်ပါဘူး။ ဒါကြောင့် သာမန်ချွေးပေါက်ပိတ်လို့
ထွက်တတ်တဲ့ဝက်ခြံကိုပဲ သက်သာစေပါတယ်။ salicylic acid က အများကြီးသုံးမိရင်
အသားအရေခြောက်လာတာမျိုးဖြစ်တတ်တာကြောင့် အလွန်အကျွံ မသုံးမိဖို့
အရေးကြီးပါတယ်။ salicylic acid ကို ဝက်ခြံအတွက် ထုတ်လုပ်ထားတဲ့
အလှကုန်တော်တော်များများမှာ တွေ့နိုင်ပါတယ်။
ဒါဆို pure system
မှာပါတဲ့ ပစ္စည်းတွေကို ကြည့်လိုက်ကြရအောင်။ stop blemish lotion မှာ
ဝက်ခြံသက်သာစေတဲ့ salicylic acid ပါဝင်တာကြောင့်
ချွေးပေါက်ပိတ်ခြင်းကြောင့် ဖြစ်တဲ့ ဝက်ခြံတွေကိုသက်သာစေပါတယ်။ ဒါ့အပြင်
ရှားစောင်းလက်ပတ်ပါဝင်တာကြောင့် အသားအရေကို အေးမြစေပြီး salicylic acid
ကြောင့်ဖြစ်တတ်တဲ့အသားအရေ ခြောက်သွေ့ခြင်းကနေကာကွယ်ပေးပါတယ်။
အဆီပြန်ခြင်းကို သက်သာစေတဲ့ Scutellaia extract နဲ့ Aphloia extract
ပါဝင်တာကြောင့် ဝက်ခြံအတွက်တင်မကပဲ အဆီပြန်တာကိုပါထိန်းပေးပါတယ်။ stop
blemish lotion ကိုမျက်နှာအနှံ့ လိမ်းပေးနိုင်ပါတယ်။ ကျွန်မက salicylic
acid ရဲ့အနံ့ ကိုသိပ်မကြိုက်တာကြောင့် ဝက်ခြံရှိတဲ့နေရာလေးကိုပဲလိမ်းပါတယ်။
ကျွန်မလိမ်းတာခုဆိုရင် တစ်ပတ်ကျော်ပါပြီ။ ၃ရက်လောက်ထဲက စပြီး ဝက်ခြံလေးတွေ
သေးလာပါတယ်။ အခုတစ်ပတ်မှာတော့ တော်တော်လေးသက်သာလာပါပြီ။ Yves Rocher က
အာမခံထားတာက ၁လအတွင်းမှာ သိသိသာသာ ဝက်ခြံထွက်တာ သက်သာလာမယ်လို့ ဆိုပါတယ်။
ကျွန်မအတွက်ကတော့ ၁ပတ်နဲ့တင် သိသာလာပါပြီ။
အသုံးပြုပုံကတော့
မျက်နှာကိုသန့်ရှင်းအောင်သစ်ပါ။ပြီးရင် toner နဲ့
မျက်နှာပေါ်မှာကျန်နိုင်တဲ့အညစ်အကြေးတွေကို သန့်စင်ပါ။ ခြောက်သွေ့တတ်တဲ့
အသားအရေဆိုရင် အခြားအစိုဓါတ်ရှိတဲ့ moisturizer လိမ်းပါ ပြီးမှ
ဝက်ခြံရှိတဲ့နေရာလေးကို stop blemish lotion အသာလေးတို့ပြီးလိမ်းပေးပါ။
အဆီပြန်တတ်တဲ့အသားအရေနဲ့ ဝက်ခြံများတဲ့အသားအရေဆိုရင်တော့ အခြား
moisturizer လိမ်းစရာမလိုပဲ stop blemish lotion
ကိုမျက်နှာအနှံ့လိမ်းပေးပါ။ ဝက်ခြံအရမ်းများတဲ့လူဆိုရင်တော့
စပြီးလိမ်းခါစမှာ နဲနဲလေး စပ်တာမျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့
မျက်နှာနီရဲလာတာမျိုးလုံးဝမရှိပါဘူး။
stop blemish lotion က
အာမခံထားတဲ့အချက်လေးချက်ရှိပါတယ်။ ဝက်ခြံနဲ့အမဲစက်တွေလျော့ပါးလာခြင်း၊
အသားအရေကောင်းမွန်လာခြင်း၊ ၈နာရီကြာ အဆီမပြန်အောင် ထိန်းပေးနိုင်ခြင်း၊
အမာရွတ်များလျော့ပါးလာခြင်း တို့ပဲဖြစ်ပါတယ်။ အဲ့ဒီအချက်တွေက stop blemish
lotion ကို၁လကြာသုံးစွဲပြီးတဲ့ အမျိုးသမီးတွေမှာ
စမ်းသပ်တွေ့ရှိထားတာဖြစ်ပါတယ်။ ကျွန်မအတွက် ၁ပတ်လောက်နဲ့သိသာလာတာကြောင့်
ဆက်ပြီးသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။
Pure system stop blemish lotionကို Yves Rocher အရောင်းကောင်တာရှိတဲ့ Junction Mawtin မှာ ၁၄၀၀၀ကျပ်နှင့် ဝယ်ယူနိုင်ပါတယ်။
ကျွန်မနှစ်သက်သောအချက်
၁။ ဝက်ခြံများကိုရက်ပိုင်းအတွင်း သက်သာစေခြင်း။
၂။ အဆီပြန်မှုကိုထိန်းပေးခြင်း။
၃။ အသားအရေခြောက်သွေ့လွန်းတာမရှိခြင်း။
၎။ ဈေးနှုန်းသင့်တင့်ခြင်း။
၅။ ရှားစောင်းလက်ပတ်ပါဝင်ခြင်းကြောင့် အသားအရေအေးမြခြင်း။
၆။ tube ဗူး ဖြစ်ခြင်းကြောင့် ပိုးမွှားမဝင်ရောက်နိုင်ခြင်း။
ကျွန်မ မကြိုက်သောအချက်
၁။ salicylic acid အနံ့ကကျွန်မနှစ်သက်သောအနံ့မဟုတ်ခြင်း။
Dr. Khin