ဆေးဝါးအပေါ် မှီခိုမှုလွန်ကဲသည့် လက္ခဏာများHealth Updates Journal(No. 92)
(၁) လိုအပ်သည့် အာနိသင်ရရန် ဆေးပိုသုံးလာရခြင်း – အိပ်ပျော်စေရန်၊ နာကျင်ကိုက်ခဲမှု သက်သာစေရန
်၊
နိုးကြားစေရန်၊ ဆေးဝါးများ အသုံးပြုသည့်အခါ စတင်အသုံးပြုစဉ်ကကဲ့သို့
မဟုတ်ဘဲ လိုအပ်သည့် အာနိသင်ရရန် ဆေးပမာဏတိုး၍ သုံးစွဲလာရခြင်းကို
“ဆေးယဉ်ခြင်း (tolerance) ” ဟုခေါ်ဆိုသည်။ ဆေးယဉ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်က
ဆေးဝါးများကို ရုပ်ပိုင်းဆိုင်ရာ မှီခိုမှုများလာခြင်းပင်ဖြစ်သည်။ ဆေး
ယဉ်သည့်အဆင့်ရောက်လျှင် ဆေး ဖြတ်ခြင်း ဆေးပြောင်းခြင်း ပြုလုပ်သင့်သည်။
(၂) ဆေးပြတ်လက္ခဏာများခံစားရခြင်း – ဆေးယဉ်လာသောကြောင့်
ဆေးပြတ်လိုက်သည့်အခါ ဆေးဖြတ်လက္ခဏာများ ခံစားရတတ်သည်။ အိပ်မပျော်ခြင်း၊
မူးဝေခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ကျခြင်း၊ ချွေးထွက်လွန်ခြင်း၊
ခြေတုန်လက်တုန်ခြင်းစသည်တို့သည် အဖြစ်များ သည့် ဆေးဖြတ်လက္ခဏများ ဖြစ်ကြသည်။
(၃) ရည်မှန်းထားသည့် ပမာဏထက်ပိုမိုသုံးစွဲရခြင်း – ဆရာဝန် ညွှန်ြ
ကားထားသည်ထက် ဆေးပိုမိုသုံးစွဲရ ခြင်းဆေးတစ်လုံး သောက်ရုံနှင့်
အားရမှုမရှိဘဲ လိုအပ်သည်ထက်ပို သောက်ခြင်း ဆေးပိုသုံးခြင်းကြောင့်
မူးဝေခြင်း၊ စိတ်ဓာတ်ကျ ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ခံစားနေရသော်လည်း
ဆေးသုံးမှုကို မရပ်ခြင်းစသည့် အပြုအမှုများသည် ဆေးကိုစွဲလန်းနေသည့် လက္ခဏာများ
ဖြစ်ကြသည်။
(၄) ဆေးသုံးနိုင်ရန် နည်းလမ်းမျိုး စုံနှင့် ကြိုးစားခြင်း
– မိမိအသုံးပြုလိုသည့် ဆေးကိုပြနေကျဆရာဝန်က မပေးတော့သောကြောင့် နောက်
ဆရာဝန်တစ်ဦး ပြောင်းပြခြင်း၊ မိတ်ဆွေများ ဆွေမျိုးများထံမှ ဆေးမရမ
ကတောင်းယူခြင်း၊ ဆေးဝယ်နိုင်ရန် ပိုက်ဆံခိုးယူခြင်းစသည့် အပြုအမူ များသည်
ဆေးစွဲသည့် လက္ခဏာဖြစ် သည်။
သီဟ
Ref: Health Central
ကျန်းမာရေးစာများမည်သူမဆို မျှဝေယူနိုင်သည်။(ရွှေအိမ်စည်စာကြည့်တိုက်)